Showing posts with label Professor Maung Aung Myoe. Show all posts
Showing posts with label Professor Maung Aung Myoe. Show all posts

Tuesday, April 11, 2017

China's Policies on Asia-Pacific Security Cooperation

ပြီးခဲ့တဲ့ ၁၁ ဇန်န၀ါရီ ၂၀၁၇ မှာ တရုတ်နိုင်ငံက ထုတ်ပြန်တဲ့ China's Policies on Asia-Pacific Security Cooperation ဆိုတဲ့ စက္ကူဖြူစာတမ်း (white paper) ကို ဖတ်ကြည့်လိုက်တော့ အရင်က ဆိုဗီယက်ကြီး လုပ်ခဲ့တာကို သွားသတိရမိတယ်။ ၁၉၆၉ခုနှစ် ဇွန်လဆန်းမှာ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုရဲ့ အကြီးအကဲ Brezhnev က Asian Collective Security (အာရှစုပေါင်းလုံခြုံရေး) ဆိုတဲ့ အဆိုတစ်ခု ပြုခဲ့ဘူးတယ်။ ပညာရှင်အချို့ကတော့ စစ်အေးခေတ် ပုံရိပ်ဆိုးဆိုး အဖေါ်ခံထားရတဲ့ ဆိုဗီယက်ပုံရိပ်ကို ပြောင်းလဲပြစ်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုကြတယ်။ ဆိုဗီယက်က အဆိုပြုခဲ့တဲ့ ဒီ collective security ဆိုတာဟာ to destroy Cold-War stereotypes of the Soviet Union as a menace and to demonstrate that cooperation with the Soviet leadership was indeed possible ဆိုပြီး ပညာရှင်တစ်ဦးက ဆိုပါတယ်။

Wednesday, March 22, 2017

Strategy




သမိုင်းကြောင်းတစ်လျှောက် နာမည်ကျော်ကြား အထင်အရှားရှိခဲ့တဲ့ စစ်မဟာဗျူဟာပညာရှင်များက မဟာဗျူဟာ (strategy) ဆိုတဲ့ ဝေါဟာရကို အမျိုးမျိုး အဖုံဖုံ အဓိပ္ပါယ်ဖော်ဆောင်ခဲ့ကြတယ်။ တရုတ်စစ်မဟာဗျူဟာ ပညာရှင် ဆွန်ဇုက မဟာဗျူဟာကို တိုက်ပွဲမဆင်နွဲလိုက်ရဘဲ ရန်သူကိုအညံ့ခံစေကာ မိမိအောင်ပွဲခံ နိုင်လောက်သည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အားသာချက်များကို ဖန်တီးရယူထိန်းသိမ်းထားနိုင်မှု ဆိုသည့်သဘော တင်ပြခဲ့သည်။ စစ်ဘုရင် နပိုလီယံရဲ့ ဦးစီးအရာရှိလုပ်ခဲ့ဘူးသူ ဂျိုမီနီ (Antoine-Henri de Jomini) ကတော့ မဟာဗျူဟာ ဆိုသည်မှာ မြေပုံပေါ်တွင် စစ်ဆင်နွဲခြင်း (making war on the map) ဟုဆိုလေသည်။ တနည်းအားဖြင့် ဆိုရသော် စစ်မြေပြင်တွင် မိမိအသာစီးရရှိနေစေရန် တွေးဆစစ်ကစားခြင်းပင်ဖြစ်သည်။ ကမ္ဘာကျော်စစ်ပညာရှင်ဖြစ်သည့် ကလော့ဇ၀ရှ် (Carl von Clausewitz) ကတော့ နည်းဗျူဟာ (tactic) နဲ့ မဟာဗျုဟာ (strategy)