Tuesday, April 11, 2017

China's Policies on Asia-Pacific Security Cooperation

ပြီးခဲ့တဲ့ ၁၁ ဇန်န၀ါရီ ၂၀၁၇ မှာ တရုတ်နိုင်ငံက ထုတ်ပြန်တဲ့ China's Policies on Asia-Pacific Security Cooperation ဆိုတဲ့ စက္ကူဖြူစာတမ်း (white paper) ကို ဖတ်ကြည့်လိုက်တော့ အရင်က ဆိုဗီယက်ကြီး လုပ်ခဲ့တာကို သွားသတိရမိတယ်။ ၁၉၆၉ခုနှစ် ဇွန်လဆန်းမှာ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုရဲ့ အကြီးအကဲ Brezhnev က Asian Collective Security (အာရှစုပေါင်းလုံခြုံရေး) ဆိုတဲ့ အဆိုတစ်ခု ပြုခဲ့ဘူးတယ်။ ပညာရှင်အချို့ကတော့ စစ်အေးခေတ် ပုံရိပ်ဆိုးဆိုး အဖေါ်ခံထားရတဲ့ ဆိုဗီယက်ပုံရိပ်ကို ပြောင်းလဲပြစ်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုကြတယ်။ ဆိုဗီယက်က အဆိုပြုခဲ့တဲ့ ဒီ collective security ဆိုတာဟာ to destroy Cold-War stereotypes of the Soviet Union as a menace and to demonstrate that cooperation with the Soviet leadership was indeed possible ဆိုပြီး ပညာရှင်တစ်ဦးက ဆိုပါတယ်။
အခု တရုတ်က ထုတ်ပြန်တဲ့ ဒီစက္ကူဖြူစာတမ်းဟာ ဒေါ်နယ်တရမ့် အမေရိကန်သမ္မတရာထူး လက်မခံမီ ရက်ပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တာပါ။ ဒီကြားထဲမှာလည်း အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာလာမည့် လက္ခဏာတွေက ရှိနေတယ်။ စင်ကာပူနဲ့လည်း ပြဿနာတွေ ဆက်တိုက်တက်နေတယ်။ တောင်တရုတ်ပင်လယ်မှာလည်း တရုတ်က ပိုပိုပြီး ခြေဆန့်လက်ဆန့်လုပ်လာနေတယ် ဆိုတာပြောနေကြတဲ့ အချိန်ဖြစ်နေတယ်။ အာရှပစိဖိတ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအပေါ်ထားရှိတဲ့ တရုတ်ရဲ့ သဘောထားကတော့ - (၁) အစိုးရအချင်းချင်းဆက်ဆံရေး (state-to-state relations) အတွက် အခြေခံကျအလေးပါတဲ့ စီးပွားရေးအကျိုးစီးပွားတွေ တစ်ထပ်တည်းကျစေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခိုင်မာတဲ့ စီးပွားရေး အခြေခံတည်ဆောင်ခြင်း (၂) တန်းတူရည်တူဆက်ဆံမှုကို အခြေခံပြီး အဓိကအင်အားနိုင်ငံများ (major powers) အကြားဆက်ဆံရာတွင် တစ်နိုင်ငံရဲ့ မဟာဗျုဟာရည်ရွယ်ချက်များ (strategic intentions) ကိုတစ်နိုင်ငံက ဓမ္မဓိဋ္ဌန်ကျကျ နဲ့ ယထာဘူတကျကျ (objective and rational manner) ဖြင့်ချဉ်းကပ်ခြင်း၊ စစ်အေးခေတ် စိတ်နေစိတ်ထား (cold war mentality) ကို ဆန့်ကျင်ခြင်း၊ တစ်နိုင်ငံ၏ တရားဝင် အကျိုးစီးပွားနှင့်အရေးထားမှုများ (legitimate interests and concerns)ကို လေးစားမှုရှိခြင်း - နိုင်ငံငယ်များနှင့် နိုင်ငံလတ်များအနေဖြင့် နိုင်ငံကြီးများအကြား ဘက်လိုက်ရပ်တည်မှုကင်းသင့်သည် (small and medium-sized countries need not and should not take sides among big countries)၊ နိုင်ငံများအနေဖြင့် စစ်မဟာမိတ်ပြုခြင်းထက် မိတ်ဖက်ပြုခြင်း (partnerships rather than alliances) လုပ်သင့်သည်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသော နိုင်ငံတကာဆက်ဆံရေးပုံစံသစ် (new model of international relations centered on mutually beneficial cooperation) ဖေါ်ထုတ်ခြင်း၊ - ဒီနေရာမှာ တရုတ်က မဲခေါင်ဒေသ၊ အာဆီယံဒေသ၊ အာရှပစိဖိတ်ဒေသ ဆိုပြီး အလွှာသုံးလွှာထားပြီး သူ့ရဲ့ sphere of interest ကို သတ်မှတ်ထားတာ တွေ့ရပါတယ်။ (၃) တစ်ကိုယ်တော်ဝါဒကိုဆန့်ကျင်ပြီး နိုင်ငံစုံဝါဒကိုကျင့်သုံးခြင်း (oppose unilateralism and support multilateralism)၊ (၄) စည်းမျဉ်းဥပဒေထူတောင်ရေးကို အားပေးခြင်း (promote rule-setting) - ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံ၏ဥပဒေဟာ နိုင်ငံတကာဥပဒေအဖြစ် အလိုအလျှောက် ဖြစ်မလာသင့်ဘူး ဆိုတာရယ် တရားဥပဒေစိုးမိုးရေးဆိုတဲ့ အကြောင်းပြချက် အောက်ကနေ နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားကို ချိုးဖောက်မနှောင့်ယှက်သင့်ဘူး ဆိုတာပါ ပြောလာတယ်။ တစ်ခါ အန္ဒိယ၊ မြန်မာတို့နဲ့ ပူးတွဲဖေါ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ဟာ rule of law in international relations အတွက်အရေးပါကြောင်း ဖေါ်ပြထားတယ်။ (၅) စစ်ဖက်အပြန်အလှန် [ကိုယ်စားလှယ်အဖွဲ့များ] ဖလှယ်ရေးနှင့် စစ်ဖက်ယုံကြည်မှုတည်ဆောက်ခြင်း (Military exchange and military confidence building) (၆) ပဋိပက္ခနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ အဖြေရှာခြင်း - တို့ပါပါတယ်။ တရုတ်ရဲ့ security vision for the Asia-Pacific Region ကတော့ - common, comprehensive, cooperative and sustainable security ပါတဲ့။ common security ကတော့ ၂ဦး၂ဖက်ရဲ့ လုံခြုံရေးကို အာမခံထားတာပါ။ (ဒါကို ဥရောပမှာ ၁၉၇၀ပြည့်နှစ်များအနှောင်းပိုင်းမှာ ကျင့်သုံးခဲ့ပါတယ်) comprehensive security ကတော့ သမားရိုးကျရော သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးကိစ္စများကိုပါ စဉ်းစားတဲ့သဘောပါ။ cooperative security ကတော့ ဒေသတွင်းနိုင်ငံတစ်နိုင်ငံခြင်းနဲ့ ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်ရေးအတွက် ဆွေးနွေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (dialogue and cooperation) ကို အခြေခံမယ်ဆိုတဲ့ သဘောပါ။ sustainable security ကတော့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဖွံဖြိုးတိုးတက်မှုနဲ့လုံခြုံမှုကို တာရှည်ခံလုံခြုံမှုအတွက် (both development and security to realize durable security) ဆောင်ရွက်ရန် ဖြစ်တယ်။ regional security framework အနေနဲ့ကတော့ - (၁) အလွှာစုံ၊ဘက်စုံ၊ အမျိုးစုံ (multi-layered, comprehensive and diversified) (၂) ဗဟုဝင်ရိုးဖြစ်လာသည်နှင့်အညီ ဘုံအကျိုးစီးပွားအတွက် နိုင်ငံအားလုံး တန်းတူရည်တူ ပါဝင်ခြင်း (participation of all countries based on equality for a common cause as multi-polarity is becoming a global trend) (၃) အားလုံးသဘောတူမှုကိုအခြေခံခြင်း (consensus base) (၄) ဒေသဆိုင်ရာ လုံခြုံရေးမူဘောင်နှင့် ဒေသဆိုင်ရာစီးပွားရေးမူဘောင် အတူတကွ တစ်ပြိုင်တည်းဖေါ်ဆောင်ခြင်း (parallel development of regional security framework and regional economic framework) ဆိုပြီးတင်ပြထားပါတယ်။ ဒီစက္ကူဖြူစာတမ်းမှာ - China's relations with Other Asia-Pacific Countries၊ China's Positions and Views on Regional Hotspot Issues၊ China's Participation in Major Multilateral Mechanisms in the Asia-Pacific Region နဲ့ China's Participation in Regional Non-Traditional Security Cooperation ဆိုတဲ့ အခန်းတွေ ပါပါတယ်။ maritime cooperation နဲ့ maritime security ကို အတော်အလေးထားရေးထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ Nansha Islands တွေဟာ အငြင်းပွား ဖွယ်ရာမရှိသော တရုတ်အချုပ်အခြာသက်ရောက်မြေ ဆိုတာရယ်၊ ဂျပန်နဲ့ အငြင်းပွားနေတဲ့ Diaoyu ကျွန်းဟာ တရုတ်ပိုင်ဆိုတာကို အတိအလင်း ကြေညာထားတာတွေ့ရတယ်။ Multilateral Mechanisms in the Asia-Pacific Region မှာပါတဲ့ အဖွဲ့အစည်း (၉)ခုမှာ (၅)ခုဟာ အာဆီယံနဲ့ပါတ်သက်ပါတယ်။ Lancang-Mekong Cooperation (LMC) နဲ့ Shanghai Cooperation Organization (SCO) ကတော့ တရုတ်ရဲ့ အနီးအိမ်နီးချင်းသေးမှာ ဖြန်ကျက်ထားတဲ့ တရုတ်ဦးဆောင်ဦးရွက်လုပ်နေတဲ့ အဖွဲ့အစည်းတွေပေါ့။ စာတမ်းမှာ တရုတ်ရဲ့ One Road One Belt (OROB)ရယ်၊ Asian Infrastructure Investment Bank (AIIB) ရယ်၊ Silk Road Fund ရယ်မှာ ပါဝင်ဆောင်ရွက်ဖို့လဲ တိုက်တွန်းပါတယ်။ အဆုံးမှာတော့ တရုတ်တို့ရဲ့အိပ်မက်ဖြစ်တဲ့ တရုတ်နိုင်ငံပြန်လည် ဆန်းသစ်မှုကြီး (Chinese dream of the great renewal of the Chinese nation) ကို အပတ်တကုတ်ဖော်ဆောင်နေပါတယ် လို့ ဆိုပါတယ်။ တရုတ်တို့အနေနဲ့ ချစ်ကြည်မှု၊ ရိုးသားမှု၊ နှစ်ဦးနှစ်ဘက်အကျိုးစီးပွား၊ အားလုံးပါဝင်မှုတို့ကို အခြေခံပြီး အိမ်နီးချင်းသံခင်းတမန်ခင်း (neighborhood diplomacy) နဲ့ အာရှပစိဖိတ်ဒေသ တည်ငြိမ် ကြီးပွားရေး ရည်မှန်းချက်အတွက် ဆောင်ရွက်နေပါတယ်လို့ ဆိုပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ realist ဝေါဟာရတွေကိုရှောင်ပြီး neoliberal institutionalism ကိုအခြေခံပြီးရေးထားတာတွေ့ရတယ်။ national interest တွေကိုဘဲ ဆက်လက်စွဲကိုင်ထားတဲ့အတွက် constructivist approach လို့ ပြောလို့မရပါ။ institution is most likely for regulating great power relations in the region သဘောဘဲ။ layered-sphere of interest (if not influence) ခပ်ရေးရေး တင်ပြတာလည်း မှတ်ထားရမည့် ကိစ္စတစ်ခုပေါ့။

No comments:

Post a Comment